Error
  • There was a problem loading image 9k=.
  • There was a problem loading image Z.

                       ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နေ့လည် (၀၁း၀၀)နာရီအချိန် ၇၃ လမ်းနှင့် ငုရွှေဝါလမ်းထောင့်ရှိ မင်္ဂလာမန္တလေးအတွင်းရှိ Information Centre တွင် ဂျပန်နိုင်ငံ Nobeo Café Seminar ပွဲကျင်းပခဲ့သည်။

                      အဆိုပါအခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ၊ ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ထောင်သည့် မြန်မာ-ဂျပန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဗဟိုဌာန (MJC) သည် စီးပွားရေးနှင့် ချစ်ကြည်ရင်းနှီးမှုများတိုးတက်စေရန် မြန်မာနိုင်ငံမှ MJC သင်တန်းသားလုပ်ငန်းရှင်များနှင့် နိုဘဲအိုကမြို့မှ လုပ်ငန်းရှင်များအတူတကွ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် လုပ်ငန်းစဉ်များကို ဆွေးနွေးဟောပြောခဲ့ကြပြီး အဆိုပါအခမ်းဟောပြောပွဲကို နာယကဦးအောင်သန်း၊ ဒုဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

                       ထို့နောက် ညနေ (၆း၃၀)ခန့် အချိန် ၇၃ လမ်းနှင့် ငုရွှေဝါလမ်းထောင့်ရှိ မင်္ဂလာမန္တလေးတွင် မြန်မာ-ဂျပန်ပွဲတော်အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စီးပွားကူးသန်းဒုဝန်ကြီး ဦးအောင်ထူး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင် ၊ Mr.Karasawa (Chief Representative of JICA)၊ ရန်ကုန် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးကျော်မင်း၊ Mr.morimasa KANAMARU (Chief Advisor, MJC)၊ မြန်မာ-ဂျပန် စင်တာ (MJC) ဥက္ကဋ္ဌ ဦးနေလင်း နှင့် Daw May Yin (MD, Mingalar Mandalay) တို့တက်ရောက်၍ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး မြန်မာ-ဂျပန်စင်တာ (MJC) ဥက္ကဋ္ဌ ဦးနေလင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့်အတူ ၄င်းပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အကြောင်းအရာ အချက်အချို့ကို ပြောကြားခဲ့သည်။ ယင်းအခမ်းအနားကို MRCCI မှ ဥက္ကဋ္ဌအဖွဲ့၊ ဒုဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့နှင့်  အထွေထွေအတွင်းရေးမှူးအဖွဲ့ တို့တက်ရောက်ခဲ့ကြပါသည်။

                        ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားအပြီးတွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ရိုးရာအကအလှများ၊ ဂျပန်ရိုးရာပန်းအိုးထိုးခြင်းအနုပညာများ၊ ဂျပန်ရိုးရာသီချင်းနှင့် အကအလှများ၊ မြန်မာ့ရိုးရာ သင်္ကြန်ယိမ်း အကအလှများ၊ ကချင်ရိုးရာအကအလှများနှင့် ကယန်းအကအလှများ၊ မြန်မာခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ၀န်ကြီးအဖွဲ့သည် လမ်းလျှောက်ဈေးတန်းနှင့် မြန်မာ-ဂျပန် စင်တာ (MJC) သို့ လှည့်လည်ကြည့်ရှုခဲ့ပြီး အခမ်းအနားအပြီးတွင် ဌာနဆိုင်ရာအကြီးအကဲများနှင့် MRCCI မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အတွင်းရေးမှူး အဖွဲ့တို့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။