Error
  • There was a problem loading image 9k=.
  • There was a problem loading image Z.

          ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့၊ နေ့လည် (၂း၀၀)နာရီအချိန်တွင် တရုတ်ပြည် လုံလင်ခရိုင် ဒေသမှ Deputy Country Chief Mr. Qinghai Na ဦးဆောင်သော (၉)ဦးပါအဖွဲ့သည် MRCCI သို့လာရောက် တွေ့ဆုံနှုတ်ဆက်ပြီး MRCCI ဘက်မှ ဥက္ကဋ္ဌ ဦးကျော်မင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်ကျော်၊ တွဲဖက်အတွင်းရေးမှူး ဦးဥက္ကာကျော်၊ ဗဟိုအလုပ်အမှုဆောင် ဒေါ်မြင့်မြင့်သန်း၊ ဒေါ်မေမိုးဦး၊ ဦးနေလင်းတို့က လက်ခံတွေ့ဆုံခဲ့ကြသည်။

         အဆိုပါဆွေးနွေးပွဲတွင် လုံလင်ခရိုင်နှင့် မန္တလေးတိုင်းဒေသကြီး MRCCI အသင်းတို့သည် စီးပွားရေး၊ လူမှုရေးစသည့်အဘက်ဘက်တွင် ရင်းနှီးမှုရှိပါကြောင်း၊ MRCCI နှင့်ရည်ရှည်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း လိုလားပါကြောင်း၊ မိမိတို့ကုမ္ပဏီသည် ဆိုလာပြားများထုတ်လုပ်သည့် လုပ်ငန်းအားအဓိကထား လုပ်ဆောင်နေပြီး မန္တလေးမြို့သာ စက်မှုဇုန်တွင်လည်း ဆိုလာပြားများတပ်ဆင်နိုင်ရေးအတွက် မိမိတို့ကုမ္ပဏီမှ ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ အလားတူလုပ်ငန်းရှင်များရှိပါက မိမိတို့ ကုမ္ပဏီသို့ ချိတ်ဆက်နိုင်ပါကြောင်းပြောကြားခဲ့သည်။ ဥက္ကဋ္ဌ ဦးကျော်မင်းမှ မိမိတို့အသင်းဘက်မှ တတ်နိုင်သည့်အကူအညီမျိုးရှိပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။