MRCCI

Food Expo 2022 သို့ မြန်မာနိုင်ငံမှ ပါဝင်နိုင်ရန်ဖိတ်ကြားခြင်း Date Changed

Event Info:

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ Hong Kong Convention and Exhibition Centre ၌ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (Hong Kong Trade Development Council – HKTDC) မှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိကျင်းပပြုလုပ်မည့် (၃၂) ကြိမ်မြောက်စားသောက်ကုန်စည်ပြပွဲ “Food Expo 2022” သို့ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူများပါဝင်တက်ရောက်နိုင်ပါရန် ပေးပို့ဖိတ်ကြားလာပါသည်။  

အဆိုပါပြပွဲတွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများ စီးပွားရေးအခွင့်အလမ်းများရရှိစေရေး ကူညီပံ့ပိုးပေးနိုင်ရန် HKTDC မှ အစီအစဉ်သစ်အဖြစ် “New Sourcing Normal” ဖြစ်သည့် New “Exhibition”+ Hybrid Package ဖြင့် Trade Hall ၌ ပြသထားသောပြခန်း၊ “Click2Match” Service နှင့် hktdc.com Sourcing တို့နှင့် ဆက်သွယ်တွေ့ရှိနိုင်မည့် 3-in-1 “Exhibition” + Hybrid Package အစီအစဉ် ဖြင့် ပြသမှုကို အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြပွဲတွင် အစားအသောက် နှင့် အဖျော်ယမကာထုတ်ကုန်ပစ္စည်းများ၊ စားသောက်ကုန်များထုပ်ပိုးမှု၊ တံဆိပ်ကပ်မှု၊ ဘေးကင်းလုံခြုံမှုနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၊ စားသောက်ကုန်ပြုပြင်ရေးထုတ်ကုန်များ၊ စက်ပစ္စည်း နှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ဟာလာအစားအစာ နှင့်အဖျော်ယမကာကုန်ပစ္စည်းများ ပါဝင်ပြသ သွားမည်ဖြစ်ကြောင်း၊ ၉ စတုရန်းမီတာ ကျယ်ဝန်းသည့် Standard Booth တစ်ခန်းလျှင် (USD ၃,၄၈၃) ကျသင့်မည်ဖြစ်ပြီး Convention and Exhibition Industry Subsidy Scheme (C&E Subsidy) အစီအစဉ်အရ ပြခန်းခနှုန်းထားများကို (၅၀%) ပံ့ပိုးပေးမည့် အစီ အစဉ်များလည်းပါရှိပါကြောင်း  စသည်ဖြင့် ဖော်ပြပါရှိပါသည်။

သို့ဖြစ်ပါ၍ အဆိုပါပြပွဲသို့ စိတ်ပါဝင်စား၍ ပါဝင်တက်ရောက်လိုသည့် အသင်းသူအသင်းသားများ နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များကို ပူးတွဲပါ ဖိတ် ကြားစာတွင် လေ့လာကြည့်ရှုပြီး

https://www.hktdc.com/fairapplication/eoa/login.htm?fairld=1009&locale=en သို့ ဝင်ရောက်၍တိုက်ရိုက် Registration ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်းနှင့် ပါဝင်တက်ရောက်မည်ဆိုပါက အမည်၊ ရာထူး၊ ကုမ္ပဏီ/ လုပ်ငန်း/ အသင်းအဖွဲ့ အမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် E-mail Address တို့အား ပြည့်စုံစွာဖြည့်စွက်ပြီး MRCCI အသင်းရုံးအီးမေးလ် (mrcci.mdy@gmail.com) သို့ ပေးပို့ပေးနိုင်ပါရန် အသိပေး အကြောင်းကြား ဖိတ်ကြားအပ်ပါသည်။

Food Expo 2022 သို့ မြန်မာနိုင်ငံမှ ပါဝင်နိုင်ရန်ဖိတ်ကြားခြင်း Date Changed