MRCCI

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တွင် ၂၀၂၂ ခုနှစ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲနှင့် အွန်လိုင်းစီးပွားရေးကိုက်ညီမှုပွဲအား တက်ရောက်ရန်ဖိတ်ကြားခြင်း

Event Info:

ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာန (DFT)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တွင် ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့၌ “ထိုင်းနယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲနှင့် အွန်လိုင်းစီးပွားရေးကိုက်ညီမှုပွဲ” ကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပေးပို့ဖိတ်ကြားလာပါသည်။။

ဤပြပွဲသည် ထိုင်းနိုင်ငံရဲ့ ပြည်နယ်တစ်ခုစီက OTOP ထုတ်ကုန်တွေကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး DITP က ခရိုင်အွန်လိုင်းစီးပွားရေးလုပ်ငန်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေကို တစ်လတစ်ကြိမ် စီစဉ်ကျင်းပဖို့ စီစဉ်နေပြီး ယခုအကြိမ်ကတော့ မယ်ဟောင်ဆောင်ခရိုင်အတွက် ဖြစ်ပါသည်ဟု ဖော်ပြထားပါသည်။။

အဆိုပါပွဲသည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေး အခွင့်အလမ်းများ တိုးမြှင့်ရန်နှင့် မိတ်ဖက်များ ခိုင်မာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ အစားအသောက်နှင့် အဖျော်ယမကာ၊ ဖက်ရှင်နှင့် လူနေမှုပုံစံ၊ ဆေးဖက်ဝင်အပင်ထွက်ပစ္စည်းများ၊ အလှကုန်၊ အမှတ်တရလက်ဆောင်နှင့် အသုံးအဆောင်ပစ္စည်းများ စသည့်ကဏ္ဍများမှ ထိုင်းမှတင်ပို့သူ ၃၀ ဦး ပါဝင်မည်ဖြစ်ပါသည်။

ဤကိစ္စနှင့်စပ်လျဉ်း၍ အွန်လိုင်းစီးပွားရေးနှင့်ကိုက်ညီသော လုပ်ငန်းများတွင် ပါဝင်ရန် စိတ်ပါဝင်စားသော အသင်းသူအသင်းသားများ ဝယ်သူ/တင်သွင်းသူများအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းရှင်များအား ဖိတ်ကြားကာ တင်သွင်းသူမှတ်ပုံတင်ပုံစံကို ပူးတွဲပါအတိုင်း ဖြည့်စွက်ပြီး ကိုက်ညီမှုရှိသော ထိုင်းပို့ကုန်လုပ်ငန်းရှင်များကို ရွေးချယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် ပူးတွဲပါ Registration Form တွင် ပြည့်စုံစွာဖြည့်စွက်ပြီး MRCCI အသင်းရုံးအီးမေးလ် (mrcci.mdy@gmail.com) သို့ (၂၇.၄.၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအကြောင်းကြား ဖိတ်ကြားအပ်ပါသည်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တွင် ၂၀၂၂ ခုနှစ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲနှင့် အွန်လိုင်းစီးပွားရေးကိုက်ညီမှုပွဲအား တက်ရောက်ရန်ဖိတ်ကြားခြင်း