MRCCI

InvestHK နှင့်PWCတို့ပူးတွဲကျင်းပသော Webinar ပွဲသို့ပါဝင်တက်ရောက်နိုင်ပါရန် ဖိတ်ကြားခြင်း

Event Info:

၂၀၂၂ခုနှစ်၊ မေလ ၁၇ရက်နေ့တွင်၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၏ဌာနတစ်ခု ဖြစ်သည့် InvestHK (InvestHongKong) နှင့် PWC (PricewaterhouseCoopers) တို့မှကြီးမှူးကျင်းပမည့် Webinar အားစိတ်ပါဝင်စားသူများတက်ရောက်နိုင်ရန် ပေးပို့ဖိတ်ကြား အကြောင်းကြားလာပါသည်။

အဆိုပါ Webinar တွင် InvestHK နှင့်PWC တို့မှကျွမ်းကျင်ပညာရှင်များနှင့်စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များက မဟာပင်လယ်ကွေ့ဒေသ နှင့် ဟောင်ကောင်ဒေသတို့၏ နောက်ဆုံး အခြေအနေများ နှင့် စပ်လျည်းသည့်ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ မျှဝေဆွေးနွေးပြောကြားသွာမည် ဖြစ်ပါကြောင်း၊ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ ခြံငုံသုံးသပ်ခြင်း၊ လက်တွေ့ကျသည်အကြံပြုချက်များ၊ လေ့လာထားရှိမှုနှင့်သိရှိ လိုသည်များ မေးမြန်းဖြေကြားပေးနိုင်ရန် Webinar အားပြုလုပ်ရခြင်း ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

သို့ဖြစ်ပါ၍ တက်ရောက်လိုသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်လိုပါက RSVP:http://us02web.zoom.us/webinar/register/WN 563Cu109Sa6rgTWMy1885g ၌ Registration ပြုလုပ်တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း  စုံစမ်းမေးမြန်းလိုသည်များရှိပါက Ms.Winnie Chan (winniechan@inves thk.gov.hk) သို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြား ဖိတ်ကြားပါသည်။

InvestHK နှင့်PWCတို့ပူးတွဲကျင်းပသော Webinar ပွဲသို့ပါဝင်တက်ရောက်နိုင်ပါရန် ဖိတ်ကြားခြင်း