အသင်းဝင်ရန်လိုအပ်သောအရည်အချင်းသတ်မှတ်ချက်များ

  • (က) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်၍ တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီများ စီးပွားရေးလုပ်ငန်းများ စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းဖွဲ့များ

  • (ခ)  စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ၊ ကျွမ်းကျင်သူ၊ အသိပညာရှင်၊ အတတ်ပညာရှင် ပုဂ္ဂလိက မြန်မာနိုင်ငံသား အသက် ၁၈ နှစ်ပြည့်ပြီးသော တစ်ဦးချင်း ပုဂ္ဂိုလ်များ

  • (ဂ)  တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်၍ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသော နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီများ၏ ရုံးခွဲများအပါအဝင် စီးပွားရေးဆိုင်ရာနိုင်ငံခြားအဖွဲ့အစည်းများ

  • (ဃ)  အသင်းသားအဖြစ် လျှောက်ထားသူသည် ဥပဒေအရလူမွဲအဖြစ်လည်းကောင်း၊ အမည်ပျက်စာရင်းဝင် (Black List) အဖြစ်လည်းကောင်း ကြေညာခံရသည့် အသင်းအဖွဲ့/ပုဂ္ဂိုလ် မဖြစ်စေရ။ 

  • (င)       အသင်းသားအဖြစ် လျှောက်ထားသူသည် တစ်စ်သီးပုဂ္ဂလတစ်ဦးချင်းဖြစ်ပါက- 

  •               (၁)        အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။ 

  •             (၂)        စိတ်ပေါ့သွပ် ရူးနှမ်းသူမဖြစ်စေရ။ 

  •             (၃)       သာသနာ့ဘောင်သို့အပြီးဝင်ရောက်သွားသူမဖြစ်စေရ။

  •             (၄)        အကျင့်စာရိတ္တ ပျက်ပြားခြင်း (Moral Turpitude) အကျုံးဝင်သည့် ပြစ်မှုကျုးလွန်၍ ရုံးတော်က ပြစ်ဒဏ် ချမှတ်ခံထားရသူ မဖြစ်စေရ။

  • ညီနောင်အသင်းဝင်နိုင်ရန်လိုအပ်ချက်များ

  • ၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ မှတ်ပုံတင်ပါရှိရန်။

  • ၂။ အသင်းဖွဲ့စည်းပုံ။

  • ၃။ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း

  • ၄။ ညီနောင်အသင်းအဖြစ်လျှောက်ထားကြောင်း CEC/EC အစည်းအဝေးဆုံးဖြတ်ချက်ပါရှိရန်

  • ၅။ အသင်းသားအရေအတွက် အနည်းဆုံး ၅၀ ဦးစာရင်းပါရှိရန်

  • ၆။ အကျိုးအမြတ်မယူသော စီးပွားရေးလုပ်ငန်းရှင်အသင်းဖြစ်သည့် အတွက် လူမှုရေးအသင်းများလက်မခံရန်

  • ၇။ ရုံးခန်းတည်နေရာရှိရန်

  • ၈။ မိခင်အသင်း၏ ထောက်ခံချက်ပါရှိရန်