MRCCI

“INDIA CHEM, 2022”

Event Info:

အိန္ဒိယနိုင်ငံ၊ ဓာတုနှင့်ရေနံဓာတုဗေဒဌာန၊ အိန္ဒိယအစိုးရ နှင့် အိန္ဒိယနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (FICCI) တို့ ပူးပေါင်း၍ Pragati Maidan, India, New Delhi ၌၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “INDIA CHEM, 2022

အဆိုပါပြပွဲအား “Vision 2030: Chemicals and Petrochemicals Build India” အမည်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း၊ Indian Chemicals and Petrochemicals လုပ်ငန်းသည် အိန္ဒိယစီးပွားရေး၏ ကျောရိုးဖြစ်ပြီး မော်တော်ကား၊ ဆောက်လုပ်ရေး၊ အီလက်ထရွန်းနစ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အထည်အလိပ်နှင့် FMCG ကဲ့သို့သော အဓိကကဏ္ဍအသီးသီး၏ တိုးတက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ပြပွဲကာလအတွင်းတွင် Global CEOs, Round table: Conclave on Indian Chemicals & Petrochemicals: Agro-chemicals Industry; Plant Machinery, Pumps & Valves; Chemicals & Petrochemicals forums of India-USA, India-EU & India-East Asia and international Exhibition စသည့်ကဏ္ဍရပ်များ ပါဝင်မည်ဖြစ်ပြီး အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် Indian Chemicals and Petrochemicals ကဏ္ဍ၏ အစိုးရမူဝါဒကို မီးမောင်းထိုးပြမည့် စံပြပလက်ဖောင်း ဖြစ်လာမည်ဖြစ်ကြောင်း၊ ၎င်းသည် နိုင်ငံတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် ကစားသမားများအတွက် အပြန်အလှန်အကျိုးစီးပွားပြုနိုင်ရန်၊ အသိပညာဖလှယ်ရန်နှင့် မဟာမိတ်ဖွဲ့ရန် အခွင့်အလမ်းများကိုပေးဆောင်မည့် ကွန်ရက်တစ်ခုဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြပါရှိပါသည်။ သို့ဖြစ်ပါ၍ အဆိုပါပြပွဲသို့ ပါဝင်ပြသရန် စိတ်ပါဝင်စားသည့် ကုန်သည်/စက်မှုအသင်းချုပ်ရှိ ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Shri Manoj Mehta, Director FICCI, Ph: +91-9891098772, Email: manoj.mehta@ficci.com, Shri K.K. Srivastava, Director, Department of Chemicals and Petrochemicals, Ministry of Chemicals and Fertilizers, Email: kanishk.kant@nic.in သို့ တိုက်ရိုက်ဆက်သွယ်၍ အမည်စာရင်းပေးသွင်းနိုင်မည် ဖြစ်ပါကြောင်းနှင့် ပါဝင်ပြသမည်ဆိုပါက အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/အသင်းအဖွဲ့အမည်၊ ဆက်သွယ်ရန် Email Address နှင့် ဖုန်းနံပါတ်တို့အား ကုန်သည်/စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ ဖုန်း ၀၁-၂၃၁ ၄၃၄ (Ext: ၃၀၁)၊ Email: itpc.umfcci@gmail.com၊ သို့လည်းကောင်း MRCCI အသင်းရုံး ဖုန်း ၀၂-၄၀၆၉၃၂၆ Email - mrcci.mdy@gmail.com သို့လည်းကောင်း မိတ္တူပေးပို့ ပေးနိုင်ပါရန် အသိပေးအကြောင်းကြား ဖိတ်ကြားအပ်ပါသည်။

“INDIA CHEM, 2022”