MRCCI

Thailand Border Trade Fair and Online Business Matching 2022 at Yala Province ပွဲသို့ ပါဝင်တက်ရောက်နိုင်ပါရန်ဖိတ်ကြားခြင်း

Event Info:

“Thailand Border Trade Fair and Online Business Matching 2022 at Yala Province” ပွဲအား ၂၀၂၂ခုနှစ်၊ မေလ ၇ ရက်နေ့မှ ၈ရက်နေ့အထိကျင်းပ ပြုလုပ်မည်ဖြစ်ပါကြောင်း Royal Thai Embassy (DITP) မှ MRCCI အသင်းသားများပါဝင်တက်ရောက် နိုင်ပါရန်ပေးပို့ဖိတ်ကြားလာပါသည်။ 

အဆိုပါ Online Business Matching ပွဲတွင် ထိုင်းကုမ္ပဏီပေါင်း (၃၂)ခုမှ စားသောက်ကုန်နှင့်အဖျော်ယမကာများ၊ ဖက်ရှင် နှင့် လူ့အသုံးအဆောင် ပစ္စည်းများစွာအားပါဝင် ပြသမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြားစီပွားရေး အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ကြောင်း၊ Match-Making အစီအစဉ်အတွက် Thai Exporters စာရင်းအားလည်း ကြိုတင်ပေးပို့ထားပါကြောင်းဖော်ပြ ပါရှိပါသည်။
သို့ဖြစ်ပါ၍ တက်ရောက်လိုသောအသင်းသားများအနေဖြင့် ပူးတွဲပါ Registration Form အား ပြည့်စုံစွာဖြည့်စွက်ပြီး MRCCI အသင်းရုံးအီးမေးလ် (mrcci.mdy@gmail.com) သို့ (၄.၅.၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအကြောင်းကြား ဖိတ်ကြားအပ်ပါသည်။

Thailand Border Trade Fair and Online Business Matching 2022 at Yala Province ပွဲသို့ ပါဝင်တက်ရောက်နိုင်ပါရန်ဖိတ်ကြားခြင်း