အသင်းဝင်အကျိုးကျေးဇူးများ

၁။ အသင်းဝင်များအတွက် ပြည်ပလေ့လာရေးခရီးစဉ်များ၊ ပြပွဲများ၊ ဆွေးနွေးပွဲများသို့ သက်ဆိုင်ရာကဏ္ဍအလိုက် စေလွှတ်ပေးခြင်း။

၂။ အသင်းဝင်များအတွက် ဝန်ဆောင်မှုလုပ်ငန်းများ၊ သွင်းကုန်လုပ်ငန်းများနှင့် ပတ်သက်ပြီး လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးခြင်း။

၃။ အသင်းသားများအားလုံးထံသို့ MRCCI ၏ သတင်း၊ ဆောင်ရွက်ချက်များကို အချိန်နှင့် တစ်ပြေးညီ ဖြန့်ဖြူးပေးခြင်း။

၄။ အသင်းသားများအားလုံးအတွက် အသင်းမှ ကျင်းပသော စီးပွားရေးဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများသို့ အခမဲ့တက်ရောက်နိုင်ခြင်း။

၅။ အသင်းဝင်များအတွက် ပို့ကုန်မြှင့်တင်ရေးနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ ကုန်စည်ပြပွဲများတွင် ဈေးနှုန်းသက်သာစွာ ပြခန်းရရှိရန်ဆောင်ရွက်ပေးခြင်း။