အသင်းဝင်ရန်လိုအပ်သောအရည်အချင်းသတ်မှတ်ချက်များ
(က) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်၍ တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီများ စီးပွားရေးလုပ်ငန်းများ စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းဖွဲ့များ
(ခ) စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ၊ ကျွမ်းကျင်သူ၊ အသိပညာရှင်၊ အတတ်ပညာရှင် ပုဂ္ဂလိက မြန်မာနိုင်ငံသား အသက် ၁၈ နှစ်ပြည့်ပြီးသော တစ်ဦးချင်း ပုဂ္ဂိုလ်များ
(ဂ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်၍ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသော နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီများ၏ ရုံးခွဲများအပါအဝင် စီးပွားရေးဆိုင်ရာနိုင်ငံခြားအဖွဲ့အစည်းများ
(ဃ) အသင်းသားအဖြစ် လျှောက်ထားသူသည် ဥပဒေအရလူမွဲအဖြစ်လည်းကောင်း၊ အမည်ပျက်စာရင်းဝင် (Black List) အဖြစ်လည်းကောင်း ကြေညာခံရသည့် အသင်းအဖွဲ့/ပုဂ္ဂိုလ် မဖြစ်စေရ။
(င) အသင်းသားအဖြစ် လျှောက်ထားသူသည် တစ်စ်သီးပုဂ္ဂလတစ်ဦးချင်းဖြစ်ပါက-
(၁) အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
(၂) စိတ်ပေါ့သွပ် ရူးနှမ်းသူမဖြစ်စေရ။
(၃) သာသနာ့ဘောင်သို့အပြီးဝင်ရောက်သွားသူမဖြစ်စေရ။
(၄) အကျင့်စာရိတ္တ ပျက်ပြားခြင်း (Moral Turpitude) အကျုံးဝင်သည့် ပြစ်မှုကျုးလွန်၍ ရုံးတော်က ပြစ်ဒဏ် ချမှတ်ခံထားရသူ မဖြစ်စေရ။
ညီနောင်အသင်းဝင်နိုင်ရန်လိုအပ်ချက်များ
၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ မှတ်ပုံတင်ပါရှိရန်။
၂။ အသင်းဖွဲ့စည်းပုံ။
၃။ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း
၄။ ညီနောင်အသင်းအဖြစ်လျှောက်ထားကြောင်း CEC/EC အစည်းအဝေးဆုံးဖြတ်ချက်ပါရှိရန်
၅။ အသင်းသားအရေအတွက် အနည်းဆုံး ၅၀ ဦးစာရင်းပါရှိရန်
၆။ အကျိုးအမြတ်မယူသော စီးပွားရေးလုပ်ငန်းရှင်အသင်းဖြစ်သည့် အတွက် လူမှုရေးအသင်းများလက်မခံရန်
၇။ ရုံးခန်းတည်နေရာရှိရန်
၈။ မိခင်အသင်း၏ ထောက်ခံချက်ပါရှိရန်